Map Graph

ထုံးအိုင်ရွာ၊ ဘားအံမြို့နယ်

ထုံးအိုင်ရွာစံပြကျေးရွာ သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တည်ရှိသည့် စံပြကျေးရွာဖြစ်သည်။ ထုံးအိုင်ရွာသည် မွန်လူမျိုးများဆုံး နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ မွန်ရွာများတွင် အကြီးဆုံးသော မွန်ရွာကြီးတစ်ရွာဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ထုံးအိုင်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၈၄၅ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၈၃၅၇ ဦး နေထိုင်သည်။ ထုံးအိုင်စံပြကျေးရွာတွင် ထုံးအိုင်ကိုယ်ပိုင်ဈေး ရှိသည်။ အစိုးရပိုင် တိုက်နယ်ဆေးရုံသည် ကုတင် ၁၆ လုံး ဆန့်သည်။ထုံးအိုင်ရွာသည်မွန်စစ်သူကြီး တလပန်း၏ကြင်ယာတော် မိထောအွန်း ကိုအစွဲပြု၍ ထောအွန်း မှ ထုံးအိုင် သုံပြောင်းလဲသုံးနှုန်းလာကြခြင်းဖြစ်သည်။

Read article
ဖိုင်:Hton_Aing_from_Temple_Tower.jpgဖိုင်:Myanmar_location_map.svg